⭐ သောတပန်ဖြစ်ဖို့က လွယ်လွယ်လေးပါ ⭐

🙏မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး 🙏
✦ သောတပန်ဖြစ်ဖို့ရာ ခေါင်းပါးတဲ့အကျင့် ကျင့်ဖို့မလိုဘူးလို့ စာကဆိုတယ်။
🔹၈ ပါးတို့ ၊ ၉ ပါးတို့ ၊ ၁၀ ပါးတို့ ဒါတွေစောင့်ဖို့မလိုဘူး။
🌷အရေးကြီးတာ ၅ ပါးသော သိက္ခာပုဒ် ။
🔹ဒါကတော့ လူ့ကျင့်ဝတ်ကိုး။
🌷သီလကတော့ ပါကိုပါရမှာကိုး။
🔹၅ ပါးသော သိက္ခပုဒ်နဲ့ အကြွေးရှင်းပြီးတော့မှ သမာဓိထူထောင်လို့ ရမှာပေါ့ ။
🌷သီလမပါပဲနဲ့ မရဘူးပေါ့။
🔹သို့သော် ခေါင်းပါးတဲ့သီလဖြစ်တဲ့ ၈ ပါး ၊ ၉ ပါး ၊ ၁၀ ပါးတို့ စောင့်ဖို့မလိုဘူး။
🌷ဥပုသ်ရက်ရှည်စောင့်ဖို့ မလိုပါဘူး။
🔹ရိပ်သာသွားဖို့ မလိုပါဘူး။
🌹ကိုယ့်အလုပ် ကိုယ်ဖျက်ဖို့ မလိုပါဘူး။
🔹၅ ပါးသီလနဲ့ ကိုယ့်အိမ်ထောင်သားမွေး အလုပ်လုပ်ရင်းနဲ့ သောတပန်ဖြစ်နိုင်ပါတယ်။
🌹လွယ်လွယ်လေးပါ။
🔹ခုဏက တို့ပြောတဲ့ ဘာလား ၊ ဟိုဘက် သွားမယ့်အတွေးကိုပယ်၊ဒီဘက်သွားမယ့်သတိကိုသုံး ၊
🌷စိတ်လမ်းလေး ပြောင်းလိုက်ရုံပဲ ထင်တယ် ။
🙏မှန်ပါ့ဘုရား
🌹အဲ့ဒါလေးပဲ။
🔹အဲ့တော့ မှတ်ကြည့်ပါ။
🌷ချိုတာလေးတစ်ခုလဲ ချိုတယ် ချိုတယ် ကိုယ်သိသလို မှတ်ပါ။
🔹လျှာပေါ်ချိုတာလေး စားရင်လေ။
🌷ကိုယ်က ချိုတာလေးသိရင် ချိုတယ်လို့ မှတ်ရင် ပြီးတာပဲလေ။
🔹ကိုယ်သိသလို မှတ်လိုက်ပါ။
🌷ဘယ်လိုမှတ်မှ မဟုတ်ပါဘူး ။
🔹မှတ်နေရင် မတွေးပါဘူး။
🌷မတွေးစေချင်တာပါ။
🔹ဘယ်လိုမှတ်ရမယ် ပါလို့လား?
🙏မပါ ပါဘုရား
🌹မပါပါဘူးဗျ၊ ဘယ်လိုမှတ်ရမယ် မပါပါဘူး။
🔹မှတ်တတ်သလိုပဲ မှတ်။
🌹မှတ်ရင် မတွေးဘူးဗျ။
🔹မတွေးစေချင်တာပဲဗျ။
🌹မှတ်ရင် စိတ်ပြေးဦးမလားဗျ။
🙏မပြေးပါဘုရား။
🌹အဲ မပြေးတော့ပါဘူးဗျ။
🔹မှတ်နေ ၊ မှတ်ပါများလို့ မတွေးဖြစ်ရင် မှတ်တဲ့နေရာ စိတ်ရှိလာမှာပေါ့။
🌹မှတ်တဲ့နေရာ စိတ်ရှိလာရင် သူ့အောက်က ရှိနေတဲ့ အရှိကို အရှိအတိုင်းသွားမြင်တော့တာပဲ။
🔹တရားက ရှာဖို့မှ မလိုပဲနဲ့။
🌹ရှိပြီးသားကြီး ဥစ္စာ။
🔹ဟုတ်တယ်နော် ၊ ရှာဖို့ လိုသေးလို့လား?
🙏မလိုပါဘုရား
🌷အဲ ရှိပြီးသားကြီးပါဗျ။
🔹တို့က ကိုယ့်ဆီ သတိမရှိလို့ ကိုယ့်အကြောင်း ကိုယ်မသိတာပါ။
🌹အဲ့ခါကျ ကိုယ်လုပ်တာ ကောင်းတယ်/မကောင်းဘူး သိတော့တာလေ။
🔹မြဲတယ် ၊ မမြဲဘူး သိတော့တာ။
🌹အပိုင်ရလိုက်တယ် ၊ မရလိုက်တယ် သိတော့တာလေ။
🔹ဟုတ်တယ်နော် ။
🌷ပြီးတော့ ငါ ရှိ/မရှိ ကစ သိတော့တာ။
🔹မှတ်ပါများရင် ချိုတာပဲ သိတာ ကျန်တော့တာပေါ့။
🔹"ငါ" ဆိုတာ ဒိဋ္ဌိစကားလုံးထင်တယ်။
🌷တွေးမှပေါ်တယ။
🔹မတွေးရင် ချိုတာနဲ့ သိတာပဲ ကျန်တော့တာပေါ့။
🌹ငါ ကာဦးမလား?
🙏မပါပါဘုရား။
🌷ဘာညာဆိုတဲ့ သူကော
🙏မပါပါဘုရား။
🌷အေးအဲ့ဒါ ဒိဋ္ဌိပြုတ် တက်လမ်းပဲ။
🔹လွယ်လွယ်လေးပါ။
🌻ဘုရားလက်ထက်က သာဝတ္ထိပြည်သူပြည်သားတွေ တို့ ၁ ကုဋေလည်း ပြောပါတယ် ၊ ၁၀ ကုဋေလည်း ပြောပါတယ် သူတို့ခေတ်က ။
🔹အဲ့ဒီမှာ ၃ ချိုး ၂ ချိုးပြောကြပါစို့ ဆိုတော့
🌻၇ ကုဋေခွဲ ၊ ၈ ကုဋေလောက်က သောတပန်တွေက ဒီနည်းနဲ့ရတာ။
🔹ကိုယ့်အလုပ် ကိုယ်လုပ်ရင်းနဲ့လေ။
🌻၇ ကုဋေခွဲ ၊ ၈ ကုဋေလို့ ဆိုပါတယ်။
🔹ဒီအမှတ်နဲ့ အိမ်ထောင်သားမွေးရင်းနဲ့ ရသွားတာ။
🌷ဟုတ်ကလားဗျ။
🔹အဲ လုပ်ကြစို့ဗျာ တို့တွေ ။
🙏ကြိုးစားပါ့မယ်ဘုရား
🌷ကြိုးသားပါ့မယ်နဲ့ ၊ လုပ်ပါ့မယ်နဲ့ ၊
🚩[ တို့ရန်ကုန်နေတုန်းက ဝေဘူဆရာတော်ဘုရားကြီးက ၁ နှစ် တစ်ကြိမ် ကြွလာတယ် ၊
- အင်းလေးဓမ္မာရုံမှာ သီတင်းသုံးပါတယ်၊
- အဲ တစ်ခါလာလည်း "သဒ္ဓါ နဲ့ ဝီရိယ" ညီမျှဖို့ ၊
- ယုံသလောက် ကြိုးစားဖို့ ၊
- "သဒ္ဓါ နဲ့ ဝီရိယ" ညီမျှဖို့ ပြောတာ ၊
- တို့တွေက ယုံကြတယ် ၊ မကြိုးစားဘူး၊
- အဲ့ဒါ ဆရာတော်ကြီးက အမြဲတမ်း ထောက်ပြပါတယ်၊
- သူရဲ့ တရားပွဲ တစ်သက်လုံး အဲ့ဒါပဲ ထောက်ပြတာ၊
- သဒ္ဓါ နဲ့ ဝီရိယ ညီမျှကြဖို့
- တို့က သဒ္ဓါတော့ ရှိတယ် ။
- ဝီရိယ မရှိပဲနဲ့၊ အဲ့တော့ ပညာဘက် မသွားဘူးပေါ့၊
- သဒ္ဓါ နဲ့ ဝီရိယ ညီမျှပလားဆို ၊ အဲ ဘယ်လိုအားထုတ်ဗျ၊
- အဲ တို့ဒကာ/မ တွေ ဝီရိယက ရှိပြီးသားပါဗျာ သူက၊
- အဲ "ဒကာကြီးများ ပွဲများကြည့်ဖူးသလား" အဲဒါ မေးတာပဲ၊
- တို့ပွဲကြည့်တာ လှည်းတွေနဲ့ သွားရတာလေ၊
- မြို့ပွဲ မဟုတ်ဘူး ၊ တောပွဲ ၊ လယ်ကွင်းထဲ ထင်တယ် ။
- လယ်ကန်သင်းရိုးပေါ် ထိုင်ရတာ၊
- "ဘယ်အချိန်က ကြည့်တုန်းဗျ"
🙏 ၇ နာရီ ၊ ၈ နာရီ ကတည်းက ကြည်ပါတယ်ဘုရား
- အဲ "ဘယ်အချိန်က ပြန်တုန်းဗျ"
🙏မိုးလင်းမှ ပြန်ပါတယ်ဘုရား
- "အဲ့ဒီမှာ ဖျာပါသေးလားဗျ ၊ ခေါင်းအုံးပါသေးလားဗျ " နဲ့ စစ်တော့တာပဲလေ။
- "အေးဗျာ အဲဒီ ဝီရိယ ဒီနားထုတ်သုံးလိုက်ရုံပဲကွ"
- ၁ နှစ်လာလဲ ဒါပဲ ဟောတယ်
- နောက်နှစ်လာလဲ ဒါပဲ ဟောတာပဲ၊
- ဟောပြီးရင် "ဘယ်တော့လုပ်ကြမှာတုန်းဗျ" ဆို
- ပထမနှစ် သွားနားထောင်လဲ တရားထောက်က
🙏"အခုမှစ လုပ်ကြမှာပါဘုရား" နဲ့
- နောက်နှစ် သွားနားထောင်လဲ "ဘယ်တော့လုပ်ကြမှာတုန်းဗျ" နဲ့
🙏 "အခုကစ လုပ်ကြမှာပါဘုရား" နဲ့
- ဘယ်နှစ်သွားနားထောင် နားထောင်
- ဘယ်တော့မေးမေးဗျ၊
- "အခုချိန်က စ အားထုတ်မှာပါဘုရား" နဲ့
- တို့မိုးလေဝသ ညွန်ကြားရေးမှူးချုပ်လေ ဦးလှ ဦးလှ
- တို့က သူကိုသွားပြောပြီးတော့ ၁ ခါလာလည်း
- "အခုချိန်က စ လုပ်ရမှာပါ"
- ၁ ခါလာလည်း "အခုချိန်က စ"
- နောက်နှစ် နားထောင်လဲ " အခုချိန်က စ"
- သူ့အခုအချိန်ကြီးက ဘယ်တော့များ ခုမှာပါလိမ့်မတုန်း
- အဲ့ဒီတုန်းက ဦးလှကို အပြစ်တင်တာ
- နောက်မှ လက်စသတ်တော့ ငါတို့ကို စောင်းပြောတာ။
- သူက တို့ကိုယ်စားထောက်ပေးနေတာလေ
- အဲ့ဒီတုန်းက ဦးလှကို သွားပြီး အထင်သေးတာ
- ဟာ လက်စသတ်တော့ တို့ကို ထောက်ပေးနေတာဗျာ
- ဟုတ်တယ်နော် ]
🌷တို့က လုပ်ရမှာ ၊ ဒီသတိပဲ ဥစ္စာ၊
🔹သတိကလဲ လေ့ကျင့်ယူမှ ရတာ။
🌷ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် လေ့ကျင့်ယူမှ ရတာ၊
🙏မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး 🙏
သစ္စရွှေစည်တရားတော်များ

Comments