ဒီ အမျိုးသမီးလေးဟာ ရာဇဂြိုလ်မြို့ ကသူဌေးသမီး
မိဖတွေက အင်မတန်ချမ်းသာလို့ ဘုံခုနှစ်ဆင့်မြင့်တဲ့
ပြဿဒ်ပေါ်မှာ အစောင့်နဲ့ ပြုစုမယ့်သူနဲ့ ထားတာကို
မုဆိုးနဲ့ လိုက်ပြေးသွားတယ်
ပြဿဒ်ပေါ်မှာ အစောင့်နဲ့ ပြုစုမယ့်သူနဲ့ ထားတာကို
မုဆိုးနဲ့ လိုက်ပြေးသွားတယ်
သူဟာ မြတ်စွာဘုရားကို ကိုးကွယ်တဲ့မိသားစုက
လာပြီး ငယ်စဉ်ထဲ က တရားနာပြီး သောတာပန်
ဖြစ်သွားတယ် ဒါ့ကြောင့် မြတ်စွာဘုရားကို သူ့ အဖေ
လို့ ပြောတာ အဲတော့ ဒီသူဌေးသမီးဟာ မုဆိုးနဲ့ အကြောင်း
ပါ ရတာဟာ ရေစက် ပဲလို့ ပြောရမှာပေါ့
လာပြီး ငယ်စဉ်ထဲ က တရားနာပြီး သောတာပန်
ဖြစ်သွားတယ် ဒါ့ကြောင့် မြတ်စွာဘုရားကို သူ့ အဖေ
လို့ ပြောတာ အဲတော့ ဒီသူဌေးသမီးဟာ မုဆိုးနဲ့ အကြောင်း
ပါ ရတာဟာ ရေစက် ပဲလို့ ပြောရမှာပေါ့
အတိတ်ဘဝ က အတူတကွနေဘူးကြရင် အမြန်
နီးစပ်သွားတတ်တယ်ပေါ့
မုဆိုးဟာ ဖမ်းဆီးသတ်ဖြတ်ပြီး သားကောင်တွေကို
လှည်းနဲ့ တင်ပြီး မြို့ ဈေးတက်ရောင်းတဲ့အခါ မြင်လိုက်
တာနဲ့  အဲ့ဒီ့ မုဆိုးနဲ့ လိုက်သွားတယ်
နီးစပ်သွားတတ်တယ်ပေါ့
မုဆိုးဟာ ဖမ်းဆီးသတ်ဖြတ်ပြီး သားကောင်တွေကို
လှည်းနဲ့ တင်ပြီး မြို့ ဈေးတက်ရောင်းတဲ့အခါ မြင်လိုက်
တာနဲ့  အဲ့ဒီ့ မုဆိုးနဲ့ လိုက်သွားတယ်
နောက် အိမ်ထောင်ကျ ပြီးး သား(၇)ယောက်မွေးတယ်
အဲ့ဒါ ကဿဖဘုရား လက်ထက်မှာထဲက မိသားစုဝင်တွေပဲ
ဘဝ ဆိုတာ တဖန်ပြန်လည်ဆုံတွေ့ တတ်တယ်
အဲ့ဒါ ကဿဖဘုရား လက်ထက်မှာထဲက မိသားစုဝင်တွေပဲ
ဘဝ ဆိုတာ တဖန်ပြန်လည်ဆုံတွေ့ တတ်တယ်
အဲ့ဒီမှာ မြတ်စွာဘုရားဟောကြားထားတာ က
မုဆိုးနဲ့  အကြောင်းပါသွားတဲ့ ဒီ အမျိုးသမီးလေးဟာ
(၇)နှစ် အရွယ်ထဲက သောတာပန်ဖြစ်တယ်
သောတာပန်တည်တဲ့ အမျိုးသမီးလေးဟာ မုဆိုးနဲ့ 
အကြောင်းပါသွားတဲ့အခါ
မုဆိုးနဲ့  အကြောင်းပါသွားတဲ့ ဒီ အမျိုးသမီးလေးဟာ
(၇)နှစ် အရွယ်ထဲက သောတာပန်ဖြစ်တယ်
သောတာပန်တည်တဲ့ အမျိုးသမီးလေးဟာ မုဆိုးနဲ့ 
အကြောင်းပါသွားတဲ့အခါ
မုဆိုးက သတ်ဖြတ်လာတဲ့ သားကောင်တွေရဲ့ အသားကို
သူ က ရောင်းချ ပေးရမှာပဲ
ဓါးတွေ လှံတွေသိမ်းဆည်းပေးတာတို့ သူ လုပ်ရမှာပဲလေ
မုဆိုးအိမ်မှာ နေထဲက ဒီ အလုပ်တွေ ရှောင်လို့ 
မရဘူး အဲတော့ စဉ်းစားစရာ မေးခွန်းထုတ်စရာ
ဖြစ်လာတယ်
သူ က ရောင်းချ ပေးရမှာပဲ
ဓါးတွေ လှံတွေသိမ်းဆည်းပေးတာတို့ သူ လုပ်ရမှာပဲလေ
မုဆိုးအိမ်မှာ နေထဲက ဒီ အလုပ်တွေ ရှောင်လို့ 
မရဘူး အဲတော့ စဉ်းစားစရာ မေးခွန်းထုတ်စရာ
ဖြစ်လာတယ်
ဓမ္မအဆင့်နဲ့ တွက်မယ်ဆို
အမျိုးသမီးက သောတာပန်
အမျိုးသားက မုဆိုး
အလွန်ဝေးကွာတယ်
သူတော်ကောင်းချင်း ပေါင်းဖက်တာ မဟုတ်ဘူး
သူတော်ကောင်းထက် အလွန် နိမ့်တယ်ပေါ့
အမျိုးသမီးက သောတာပန်
အမျိုးသားက မုဆိုး
အလွန်ဝေးကွာတယ်
သူတော်ကောင်းချင်း ပေါင်းဖက်တာ မဟုတ်ဘူး
သူတော်ကောင်းထက် အလွန် နိမ့်တယ်ပေါ့
သို့ သော် သူတို့ ကြားမှာ ဘာပြဿနာရှိလဲ ဘာမှမရှိဘူး
အိမ်ထောင်ရှင်ခိုင်းတဲ့အတိုင်း
ဓား ဆိုလည်း ယူပေးလိုက်တာပဲ လှံ ဆိုလည်း
ယူ ပေးလိုက်တာပဲ
အိမ်ထောင်ရှင်ခိုင်းတဲ့အတိုင်း
ဓား ဆိုလည်း ယူပေးလိုက်တာပဲ လှံ ဆိုလည်း
ယူ ပေးလိုက်တာပဲ
ရ လာတဲ့ ဒီ တောထဲက ဖမ်းဆီးသတ်ဖြတ်လာတဲ့
အသားလည်း ရောင်းချပေးလိုက်တာပဲ
ဒီလိုနဲ့  သောတာပန်ပုဂ္ဂိုလ်ဖြစ်ရဲ့ သားနဲ့ သတ္တဝါတွေကို
သတ်ဖြတ်ပြီး အသက်မွေးတဲ့အိမ်မှာ နေလို့  ရ သလား
ဆိုတာ စဉ်းစားဖို့ ကောင်းတယ်နော်
အသားလည်း ရောင်းချပေးလိုက်တာပဲ
ဒီလိုနဲ့  သောတာပန်ပုဂ္ဂိုလ်ဖြစ်ရဲ့ သားနဲ့ သတ္တဝါတွေကို
သတ်ဖြတ်ပြီး အသက်မွေးတဲ့အိမ်မှာ နေလို့  ရ သလား
ဆိုတာ စဉ်းစားဖို့ ကောင်းတယ်နော်
ဒီ ပြဿနာအရေးကြီးတယ်
ယနေ့ အထိ မဖြေရှင်းနိုင်တဲ့မေးခွန်းတခုလို ဖြစ်လာတယ်
ဒီသတ္တဝါတွေသတ်ဖို့  မုဆိုးက တောသွားမယ်ဆိုရင်
သူက လှံ တွေဓါးတွေ ချထားပေးတယ်
မုဆိုး တောထဲမှာစားဖို့ သောက်ဖို့ စီစဉ်ပေးရတယ်
ယနေ့ အထိ မဖြေရှင်းနိုင်တဲ့မေးခွန်းတခုလို ဖြစ်လာတယ်
ဒီသတ္တဝါတွေသတ်ဖို့  မုဆိုးက တောသွားမယ်ဆိုရင်
သူက လှံ တွေဓါးတွေ ချထားပေးတယ်
မုဆိုး တောထဲမှာစားဖို့ သောက်ဖို့ စီစဉ်ပေးရတယ်
ဒါတွေ သူလုပ်ပေးရတယ် သူ ကတော့ သောတာပန်ပဲ
ဒါတွေနဲ့ သတ္တဝါတွေကို သတ်မယ်ဆိုတာ သူသိတယ်
ဒါကို မြတ်စွာဘုရားရှင်းပြတာ စိတ်ပေါ်မှာ အခြေခံပြီး
ရှင်းပြတာ ဖြစ်သောကြောင့် သာမန်ဆိုရင်
နားလည်ဖို့ အင်မတန်ခက်တယ်
ဒါတွေနဲ့ သတ္တဝါတွေကို သတ်မယ်ဆိုတာ သူသိတယ်
ဒါကို မြတ်စွာဘုရားရှင်းပြတာ စိတ်ပေါ်မှာ အခြေခံပြီး
ရှင်းပြတာ ဖြစ်သောကြောင့် သာမန်ဆိုရင်
နားလည်ဖို့ အင်မတန်ခက်တယ်
လူ့ စိတ်ဟာဆန်းကျယ်သည့်အတွက်ကြောင့်
မြတ်စွာဘုရားက
အေး မုဆိုးအိမ်မှာ သောတာပန် အမျိုးသမီးလေးဟာ
မုဆိုးနဲ့ ပေါင်းဖက်ပြီး စီးပွားရှာပြီးနေနိုင်တာ
သူ့ မှာရော အကုသိုလ် မဖြစ်ဘူးလား ?
တဖက်က တွက်မယ်ဆိုရင် သူနဲ့ ပါတ်သက်နေတယ်
မြတ်စွာဘုရားက
အေး မုဆိုးအိမ်မှာ သောတာပန် အမျိုးသမီးလေးဟာ
မုဆိုးနဲ့ ပေါင်းဖက်ပြီး စီးပွားရှာပြီးနေနိုင်တာ
သူ့ မှာရော အကုသိုလ် မဖြစ်ဘူးလား ?
တဖက်က တွက်မယ်ဆိုရင် သူနဲ့ ပါတ်သက်နေတယ်
သူလည်း အကုသိုလ်ဖြစ်မှာပဲလို့ တွက်မှာပဲ
ဒါကို မြတ်စွာဘုရား ဘယ်လိုရှင်းပေးလဲဆိုတော့
ရိုးရိုးလေးပဲ ရှင်းပြတယ် ကိုယ့်ကို ကိုယ်ကြည့်ပေါ့
ကိုယ့်လက်ဖဝါးမှာ အနာအဆာမရှိဘူး အပေါက်အပြဲမရှိဘူး
လက်မှာ ဘယ်နေရာမှ ပေါက်နေတာ ပြဲနေတာ
ဒါကို မြတ်စွာဘုရား ဘယ်လိုရှင်းပေးလဲဆိုတော့
ရိုးရိုးလေးပဲ ရှင်းပြတယ် ကိုယ့်ကို ကိုယ်ကြည့်ပေါ့
ကိုယ့်လက်ဖဝါးမှာ အနာအဆာမရှိဘူး အပေါက်အပြဲမရှိဘူး
လက်မှာ ဘယ်နေရာမှ ပေါက်နေတာ ပြဲနေတာ
သွေးထွက်နေတာမရှိဘူးဆိုရင်
`အဆိပ်´ ကို လက်နဲ့ ကိုင်လို့  ရတယ်
အဆိပ်ဆိုတာ အန္တရာယ်ရှိတဲ့အရာပဲ ကိုင်တယ်
`အဆိပ်´ ကို လက်နဲ့ ကိုင်လို့  ရတယ်
အဆိပ်ဆိုတာ အန္တရာယ်ရှိတဲ့အရာပဲ ကိုင်တယ်
အဆိပ်ကိုကိုင်ပေမယ့် လက်မှာ အနာအဆာ
အပေါက်အပြဲ မရှိတဲ့အတွက်ကြောင့်
လူ့ သွေးသားထဲရောက်ပြီး အန္တရာယ် မပေးနိုင်ဘူးတဲ့
အပေါက်အပြဲ မရှိတဲ့အတွက်ကြောင့်
လူ့ သွေးသားထဲရောက်ပြီး အန္တရာယ် မပေးနိုင်ဘူးတဲ့
အဲ့ဒါလိုပဲ အကုသိုလ်မလုပ်တဲ့ပုဂ္ဂိုလ်မှာ
အကုသိုလ် မရောက်ဘူးပေါ့
ဆိုလိုတာက စိတ်မပါသည့်အတွက်ကြောင့်
စိတ်ထဲက သေပါစေဆိုတဲ့စိတ် မရှိဘူး
အကုသိုလ် မရောက်ဘူးပေါ့
ဆိုလိုတာက စိတ်မပါသည့်အတွက်ကြောင့်
စိတ်ထဲက သေပါစေဆိုတဲ့စိတ် မရှိဘူး
သတ္တဝါတွေကို သတ်ပါစေ ဒီနေ့ အကောင်ရတာနည်း
တယ် နက်ဖြန် များများဖမ်းမိပါစေ ဆိုတဲ့စိတ်
သူ့ မှာ မရှိဘူး မိသားစု အလုပ်အနေနဲ့ ဝတ္တရားမပျက်
ဆောင်ရွက်ပေးတာပဲရှိတယ်
တယ် နက်ဖြန် များများဖမ်းမိပါစေ ဆိုတဲ့စိတ်
သူ့ မှာ မရှိဘူး မိသားစု အလုပ်အနေနဲ့ ဝတ္တရားမပျက်
ဆောင်ရွက်ပေးတာပဲရှိတယ်
သူ့ စိတ်က သန့် ရှင်းစင်ကြယ်နေတယ်
လက်မှာ အနာမရှိသလိုပဲ သူ့ စိတ်မှာ မကောင်းတဲ့
ရည်ရွယ်ချက် တခုမှ မရှိဘူး
အင်မတန် သန့် ရှင်းစင်ကြယ်တဲ့စိတ်နဲ့ လုပ်တယ်
လက်မှာ အနာမရှိသလိုပဲ သူ့ စိတ်မှာ မကောင်းတဲ့
ရည်ရွယ်ချက် တခုမှ မရှိဘူး
အင်မတန် သန့် ရှင်းစင်ကြယ်တဲ့စိတ်နဲ့ လုပ်တယ်
အိမ်ရှင်မတယောက် ဆောင်ရွက်ရမယ့်ဝတ္တရားအတိုင်း
သာ သူ လုပ်ပေးတယ် အဲ့ဒီ့အတွက်သူ့ မှာအကုသိုလ်
မဖြစ်ဘူးလို့ မြတ်စွာဘုရာက ရှင်းပြတယ်
သာ သူ လုပ်ပေးတယ် အဲ့ဒီ့အတွက်သူ့ မှာအကုသိုလ်
မဖြစ်ဘူးလို့ မြတ်စွာဘုရာက ရှင်းပြတယ်
နိဂဏ္ဌကို တည်ထောင်တဲ့ နာဋပုတ္တတို့ က စားတဲ့သူ
သတ်တဲ့သူ ဒီနှစ်ခု ဆိုပါစို့ 
သားကောင်တွေကိုသတ်တဲ့သူ စားတဲ့သူ ဒီနှစ်ဦးရှိတယ်
ကိုယ့်ဟာကိုယ်လည်း ဆင်ခြင်စဉ်းစားကြည့်
သတ်တဲ့သူ ဒီနှစ်ခု ဆိုပါစို့ 
သားကောင်တွေကိုသတ်တဲ့သူ စားတဲ့သူ ဒီနှစ်ဦးရှိတယ်
ကိုယ့်ဟာကိုယ်လည်း ဆင်ခြင်စဉ်းစားကြည့်
စားတဲ့သူကတယောက် ဈေးကနေ ဝယ်စားကြတယ်လေ
ဒါပေမယ့် ကိုယ်သတ်တာ မဟုတ်ဘူး
နိဂဏ္ဌတွေရဲ့ အယူအဆ အရ တော့ သတ်တဲ့သူက
တဝက် စားတဲ့သူက တဝက် ဖစ်တီး ဖစ်တီး
ဒါပေမယ့် ကိုယ်သတ်တာ မဟုတ်ဘူး
နိဂဏ္ဌတွေရဲ့ အယူအဆ အရ တော့ သတ်တဲ့သူက
တဝက် စားတဲ့သူက တဝက် ဖစ်တီး ဖစ်တီး
50: 50 စီ တာဝန်ရှိတယ်ပေါ့ သူတို့ အယူအဆ
အရ အဲ့ဒီလိုလည်းဟောပြောတယ်ပေါ့
မြတ်စွာဘုရားကို အသားဟင်းနဲ့ ဆွမ်းကပ်တဲ့အခါ
မြို့ ထဲလှည့်ပြီး ရှုတ်ချတယ် ဒီ သားကောင်တွေ
အရ အဲ့ဒီလိုလည်းဟောပြောတယ်ပေါ့
မြတ်စွာဘုရားကို အသားဟင်းနဲ့ ဆွမ်းကပ်တဲ့အခါ
မြို့ ထဲလှည့်ပြီး ရှုတ်ချတယ် ဒီ သားကောင်တွေ
သေရတာ ရဟန်းဂေါတမကို အကြောင်းပြု ပြီး
သေရတာ အဲတော့ ရဟန်းဂေါတမဟာ ဒီသေဆုံးမူ့ နဲ့ 
ပတ်သက်ပြီး အကုသိုလ်တဝက် တာဝန်ရှိတယ်
ဒါ့ကြောင့် ယနေ့ ခေတ်မှာလည်း ပြောကြတယ်လေ
သေရတာ အဲတော့ ရဟန်းဂေါတမဟာ ဒီသေဆုံးမူ့ နဲ့ 
ပတ်သက်ပြီး အကုသိုလ်တဝက် တာဝန်ရှိတယ်
ဒါ့ကြောင့် ယနေ့ ခေတ်မှာလည်း ပြောကြတယ်လေ
အသားစားတဲ့သူဟာ သတ်တဲ့ပုဂ္ဂိုလ်ရဲ့ တဝက်အပြစ်
ရှိတယ် မြတ်စွာဘုရား ကျတော့ ဒီလိုမဆိုဘူး
ကိုယ့်လက်မှာ အနာမရှိရင်တဲ့ အနာမရှိတဲ့လက်ကို
ဒုက္ခ မပေးဘူး
ရှိတယ် မြတ်စွာဘုရား ကျတော့ ဒီလိုမဆိုဘူး
ကိုယ့်လက်မှာ အနာမရှိရင်တဲ့ အနာမရှိတဲ့လက်ကို
ဒုက္ခ မပေးဘူး
ဒါ ဥပမာအနေနဲ့ ပြောတာ ကိုယ့်မှာ သန့် ပြန့် တဲ့စိတ်
ရှိတယ် ဘယ်သူ့ ကိုမှ ဒုက္ခရောက်စေလိုတဲ့စိတ် မရှိဘူး
ဆိုရင် ကိုယ့်မှာ ဘာ အကုသိုလ်မှ မဖြစ်ဘူး
ဒါ့ကြောင့်ဗုဒ္ဓရဲ့ တရားတော်မှာ
ရှိတယ် ဘယ်သူ့ ကိုမှ ဒုက္ခရောက်စေလိုတဲ့စိတ် မရှိဘူး
ဆိုရင် ကိုယ့်မှာ ဘာ အကုသိုလ်မှ မဖြစ်ဘူး
ဒါ့ကြောင့်ဗုဒ္ဓရဲ့ တရားတော်မှာ
တမင်သက်သက် သတ်လိုသည့်စေတနာဖြင့်သတ်မှ
သာ ပါဏာတိပါတာ ဖြစ်တာ
သတ်လိုသည့်စိတ် လုံးဝမရှိဘူးဆို အပြစ်မရှိဘူး
လောက ဥပဒေမှာလည်း ဒီလိုပဲလေ
သာ ပါဏာတိပါတာ ဖြစ်တာ
သတ်လိုသည့်စိတ် လုံးဝမရှိဘူးဆို အပြစ်မရှိဘူး
လောက ဥပဒေမှာလည်း ဒီလိုပဲလေ
လူနှစ်ယောက်ရန်ဖြစ်ကြတယ် မတော်တဆဖြစ်ပြီး
သူ့ ကိုသတ်ဖို့ လုပ်တာမဟုတ်ဘူး ကိုယ့်ကိုယ် ကာကွယ်
လိုက်တာနဲ့ တဖက်သားသေသွားလို့ ရှိရင် လူသေမူ့ 
သာဖြစ်တယ် လူသတ်မူ့ မဖြစ်ဘူး
သူ့ ကိုသတ်ဖို့ လုပ်တာမဟုတ်ဘူး ကိုယ့်ကိုယ် ကာကွယ်
လိုက်တာနဲ့ တဖက်သားသေသွားလို့ ရှိရင် လူသေမူ့ 
သာဖြစ်တယ် လူသတ်မူ့ မဖြစ်ဘူး
တမင်သက်သက်သတ်တာနဲ့ ပုဒ်မ မတူဘူး
လောကဥပဒေမှာ
ကိုယ့်ကိုကိုယ် အသိဆုံးပဲ မြတ်စွာဘုရားဟာ စိတ်ကို
ဗဟိုပြုဆုံးမထားပြီး စိတ် သန့် ရှင်းစင်ကြယ်နေသရွေ့ 
လောကဥပဒေမှာ
ကိုယ့်ကိုကိုယ် အသိဆုံးပဲ မြတ်စွာဘုရားဟာ စိတ်ကို
ဗဟိုပြုဆုံးမထားပြီး စိတ် သန့် ရှင်းစင်ကြယ်နေသရွေ့ 
အကုသိုလ် မဖြစ်ဘူးတဲ့
ကုသိုလ်ဖြစ်ဖြစ် အကုသိုလ်ဖြစ်ဖြစ် စိတ်ထဲကဖြစ်တာလေ
စိတ်မပါပဲ အကုသိုလ်မဖြစ်ဘူးတဲ့ ဒီလိုဆိုလိုတာ
ဒ့ါကြောင့်မို့  နိဂဏ္ဌနာဋပုတ္တတို့ ပြောတဲ့ထဲမှာ
ကုသိုလ်ဖြစ်ဖြစ် အကုသိုလ်ဖြစ်ဖြစ် စိတ်ထဲကဖြစ်တာလေ
စိတ်မပါပဲ အကုသိုလ်မဖြစ်ဘူးတဲ့ ဒီလိုဆိုလိုတာ
ဒ့ါကြောင့်မို့  နိဂဏ္ဌနာဋပုတ္တတို့ ပြောတဲ့ထဲမှာ
အသားစားရုံနဲ့  တဝက် တဝက်စီ အပြစ်ရှိတယ်ဆိုတာ
မဟုတ်ဘူးတဲ့ ဘာဖြစ်လို့ တုန်းဆိုတော့ စားတဲ့သူရဲ့ 
စိတ် သတ်တဲ့သူရဲ့ စိတ် ဒီစိတ်နှစ်ခုကို အကဲခတ်
ကြည့်ပေါ့ သတ္တဝါကို သေအောင်သတ်တယ်ဆိုထဲက
မဟုတ်ဘူးတဲ့ ဘာဖြစ်လို့ တုန်းဆိုတော့ စားတဲ့သူရဲ့ 
စိတ် သတ်တဲ့သူရဲ့ စိတ် ဒီစိတ်နှစ်ခုကို အကဲခတ်
ကြည့်ပေါ့ သတ္တဝါကို သေအောင်သတ်တယ်ဆိုထဲက
ဒေါသစိတ်နဲ့ လုပ်ရတာလေ
သတ္တဝါကို ချုပ်ကိုင်ပြီးတော့ သတ်တယ်ဆိုတဲ့စိတ်ရယ်
ဟင်းအနေနဲ့ ဈေးကဝယ်ပြီးချက်စားတဲ့စိတ်ရယ်
တူပါ့မလား မတူဘူး စားတဲ့အချိန်မှာ ဒီသတ္တဝါသေပါစေ
ဆိုတဲ့စိတ်မရှိဘူး ဒါ့ကြောင့်
သတ္တဝါကို ချုပ်ကိုင်ပြီးတော့ သတ်တယ်ဆိုတဲ့စိတ်ရယ်
ဟင်းအနေနဲ့ ဈေးကဝယ်ပြီးချက်စားတဲ့စိတ်ရယ်
တူပါ့မလား မတူဘူး စားတဲ့အချိန်မှာ ဒီသတ္တဝါသေပါစေ
ဆိုတဲ့စိတ်မရှိဘူး ဒါ့ကြောင့်
စိတ်ဓာတ်ချင်မတူလို့ ရှိရင် အကုသိုလ်ဖြစ်တာချင်း
ဘာ့ကြောင့်တူမှာလဲ မတူဘူး
ဒါ့ကြောင့်မြတ်စွာဘုရား ရှင်းလင်းချက်ဟာ အင်မတန်
သဘာဝကျတယ် လက်ဖဝါးမှာ အနာမရှိဘူးဆိုရင်
ဘာ့ကြောင့်တူမှာလဲ မတူဘူး
ဒါ့ကြောင့်မြတ်စွာဘုရား ရှင်းလင်းချက်ဟာ အင်မတန်
သဘာဝကျတယ် လက်ဖဝါးမှာ အနာမရှိဘူးဆိုရင်
အဲ့ဒီ့လက်နဲ့ အဆိပ်ကိုင်လည်းရတယ် ကိုင်တဲ့လက်ကို
အဆိပ်မသင့်နိုင်ဘူးတဲ့
အဆိပ်မသင့်နိုင်ဘူးတဲ့
ဘုန်းကြီးတို့ ကားစီးသွားတာဖြစ်စေ ကိုယ်တိုင်ကား
မောင်းသွားတာဖြစ်စေ လမ်းလျှောက်သွားတာဖြစ်စေ
လမ်းလျှောက်တာ လမ်းအနေနဲ့ ရှိနေလို့ လျှောက်တာ
မောင်းသွားတာဖြစ်စေ လမ်းလျှောက်သွားတာဖြစ်စေ
လမ်းလျှောက်တာ လမ်းအနေနဲ့ ရှိနေလို့ လျှောက်တာ
အဲ့ဒီ့အခါမှာ ကိုယ့်ခြေထောက်အောက်ရောက်သွားလို့ 
သေသွားတဲ့သတ္တဝါတွေရော မရှိဘူးလား အဲ့ဒီမှာ
ဒါနဲ့ ပါတ်သက်ပြီးမှတ်သားစရာလေးတခုရှိတယ်
သေသွားတဲ့သတ္တဝါတွေရော မရှိဘူးလား အဲ့ဒီမှာ
ဒါနဲ့ ပါတ်သက်ပြီးမှတ်သားစရာလေးတခုရှိတယ်
( ၅၅၀ ) နိပါတ်ထဲမှာ ( ) ဇတ်ထဲမှာရှင်းလင်း
ပြီးဖေါ်ပြထားတာကို ဒီအချက်နဲ့ တွဲဖက်ပြီးမှတ်သား
ဖို့ ပါ ခါလေးတကောင်ကိုမုဆိုးတယောက်ကဖမ်း
ပြီးဖေါ်ပြထားတာကို ဒီအချက်နဲ့ တွဲဖက်ပြီးမှတ်သား
ဖို့ ပါ ခါလေးတကောင်ကိုမုဆိုးတယောက်ကဖမ်း
ဖမ်းပြီးတော့ သူက သင်တန်းပေးထားတယ်ပေါ့
ကြိုးလေးနဲ့ ချည်ပြီး တွန်ခိုင်းတယ် အော်ခိုင်းတယ်
အော်လိုက်တဲ့အခါကျတော့ ကျန်တဲ့ခါတွေရောက်လာ
ကြတယ်ပေါ့ ဒို့ မိတ်ဆွေ ဒို့ အမျိုးဆိုပြီး
ကြိုးလေးနဲ့ ချည်ပြီး တွန်ခိုင်းတယ် အော်ခိုင်းတယ်
အော်လိုက်တဲ့အခါကျတော့ ကျန်တဲ့ခါတွေရောက်လာ
ကြတယ်ပေါ့ ဒို့ မိတ်ဆွေ ဒို့ အမျိုးဆိုပြီး
သို့ မဟုတ် ဒို့ နယ်ပယ်ထဲ ခါတကောင်ရောက်လာတယ်
ဆိုပြီး ထွက်လာကြတယ်ပေါ့
ကူညီချင်တဲ့ခါကလည်း ရောက်လာတယ်
ဗိုလ်လုပ်ချင်တဲ့ခါကလည်းရောက်လာတယ်
ဆိုပြီး ထွက်လာကြတယ်ပေါ့
ကူညီချင်တဲ့ခါကလည်း ရောက်လာတယ်
ဗိုလ်လုပ်ချင်တဲ့ခါကလည်းရောက်လာတယ်
တည်ထားတဲ့ ခါ ဆီကို တည်ခါ လို့ ခေါ်တာပေါ့
အဲ့ဒီလို ခါ လေးတကောင်ကို မွေးထားပြီးတော့ကြိုးနဲ့ 
ချည်ပြီးအော်ခိုင်းတာ ခါ တွန်သံကိုကြားတဲ့အခါကျတော့
ကျန်တဲ့ခါတွေ ရောက်လာကြတယ်
အဲ့ဒီလို ခါ လေးတကောင်ကို မွေးထားပြီးတော့ကြိုးနဲ့ 
ချည်ပြီးအော်ခိုင်းတာ ခါ တွန်သံကိုကြားတဲ့အခါကျတော့
ကျန်တဲ့ခါတွေ ရောက်လာကြတယ်
ရောက်လာတဲ့ခါတွေကို မုဆိုးက ဖမ်းဆီးသတ်ဖြတ်ပြီး
ရောင်းစားတာပေါ့ ခါ ကမြင်နေရတယ်
သူ တွန်လိုက်တိုင်းကျန်တဲ့ခါတွေရောက်လာ
မုဆိုးက ဖမ်းပြီးသတ်
ရောင်းစားတာပေါ့ ခါ ကမြင်နေရတယ်
သူ တွန်လိုက်တိုင်းကျန်တဲ့ခါတွေရောက်လာ
မုဆိုးက ဖမ်းပြီးသတ်
သူကလွဲပြီး ကျန်တဲ့ခါတွေ အသတ်ခံရတော့
စိတ်မကောင်းဖြစ်တယ် စိတ်မကောင်းဖြစ်ပြီးတော့
ငါ့ကြောင့်သူတို့ သေရတယ် ငါလည်း အကုသိုလ်ဖြစ်မှာ
ပဲ ဆိုပြီး သံသယ ဖြစ်တယ် ဒါ့ကြောင့် သူမတွန်တော့ဘူး
စိတ်မကောင်းဖြစ်တယ် စိတ်မကောင်းဖြစ်ပြီးတော့
ငါ့ကြောင့်သူတို့ သေရတယ် ငါလည်း အကုသိုလ်ဖြစ်မှာ
ပဲ ဆိုပြီး သံသယ ဖြစ်တယ် ဒါ့ကြောင့် သူမတွန်တော့ဘူး
ငြိမ်နေတယ် ငြိမ်နေတဲ့အခါကျတော့ မုဆိုးက
နှီးတုတ်လေးနဲ့ သူ့ ကိုရိုက်တယ် မအော် အော်အောင်ပေါ့
မအော်ဘူးဆိုရင်ရိုက်တယ် ရိုက်တော့နာလို့ အော်ရ
နှီးတုတ်လေးနဲ့ သူ့ ကိုရိုက်တယ် မအော် အော်အောင်ပေါ့
မအော်ဘူးဆိုရင်ရိုက်တယ် ရိုက်တော့နာလို့ အော်ရ
ပြန်တာပေါ့ သူ့ အနေနဲ့  တောထဲမှာရှိတဲ့ ခါ တွေဟာ
သူ့ ကိုအကြောင်းပြု ပြီးသေရတယ် ဖမ်းဆီးသတ်ဖြတ်
ခံရတယ်လို့ စိတ်မကောင်းဖြစ်တယ်
သူ့ ကိုအကြောင်းပြု ပြီးသေရတယ် ဖမ်းဆီးသတ်ဖြတ်
ခံရတယ်လို့ စိတ်မကောင်းဖြစ်တယ်
တနေ့ ကျတော့ ဒီတိုင်း ခါ တွေဖမ်းဆီးသတ်ဖြတ်ပြီး
လို့  သူ့ ကိုလည်း လှောင်ချိုင့်ထံထည့်လို့ အနီးအနားက
ရသေ့ကြီးတပါးနေတဲ့ ကျောင်းသင်္ကန်းဖက်ကိုသွားတယ်
လို့  သူ့ ကိုလည်း လှောင်ချိုင့်ထံထည့်လို့ အနီးအနားက
ရသေ့ကြီးတပါးနေတဲ့ ကျောင်းသင်္ကန်းဖက်ကိုသွားတယ်
သွားပြီးတော့ မုဆိုးကရေဆာတာနဲ့ ရေသောက်ပြီး
ပင်ပန်းလို့  လှဲလိုက်တာ မုဆိုးကြီးအိပ်ပျော်သွားတယ်
အဲ့ဒီ့အချိန်မှာ ခါ က ရသေ့ကြီးကိုလျှောက်တယ်
သူ သံသယဖြစ်နေတာတွေကို
ပင်ပန်းလို့  လှဲလိုက်တာ မုဆိုးကြီးအိပ်ပျော်သွားတယ်
အဲ့ဒီ့အချိန်မှာ ခါ က ရသေ့ကြီးကိုလျှောက်တယ်
သူ သံသယဖြစ်နေတာတွေကို
ဘယ်လိုလျှောက်ထားလဲဆိုတော့ ဒီ မုဆိုးကြီးနဲ့ 
နေရတာ သူ အသက်မွေးဝမ်းကျောင်းလွဲပါတယ်ပေါ့
စားစရာ သောက်စရာတွေ အဆင်သင့်ရတယ်
ဘာမှ ပင်ပင်ပန်းပန်းလည်း မလုပ်ရပါဘူး
နေရတာ သူ အသက်မွေးဝမ်းကျောင်းလွဲပါတယ်ပေါ့
စားစရာ သောက်စရာတွေ အဆင်သင့်ရတယ်
ဘာမှ ပင်ပင်ပန်းပန်းလည်း မလုပ်ရပါဘူး
သို့ သော် သူ့ မှာထောင်ဖမ်းဖို့ အတွက် တည်ထားသည့်
တည်ခါ ဖြစ်သည့်အတွက်ကြောင့် တခြားခါတွေဖမ်းဖို့ 
ရာ အတွက် တည်ကောင် အလုပ်ခံနေရတယ်တဲ့
တည်ခါ ဖြစ်သည့်အတွက်ကြောင့် တခြားခါတွေဖမ်းဖို့ 
ရာ အတွက် တည်ကောင် အလုပ်ခံနေရတယ်တဲ့
အဲ့ဒီလို လုပ်ခံနေရတဲ့အတွက် သူ့ ဘဝ နောင်ရေးအတွက်
စိုးရိမ်တယ်ပေါ့ သူ့ အတွက် အကုသိုလ်များဖြစ်နေမလား
လို့ စိုးရိမ်တယ်လျှောက်တော့ ရသေ့ကြီးက ရှင်းပြတယ်
စိုးရိမ်တယ်ပေါ့ သူ့ အတွက် အကုသိုလ်များဖြစ်နေမလား
လို့ စိုးရိမ်တယ်လျှောက်တော့ ရသေ့ကြီးက ရှင်းပြတယ်
မင်းစိတ်ထဲမှာ တခြားခါတွေ သေပါစေဆိုတဲ့စိတ်မရှိရင်
မင်းမှာ အကုသိုလ်မဖြစ်ပါဘူးတဲ့
စိတ်ထဲမှာကိုက တခြားခါတွေကို မုန်းတီးစိတ်မရှိဘူး
မင်းမှာ အကုသိုလ်မဖြစ်ပါဘူးတဲ့
စိတ်ထဲမှာကိုက တခြားခါတွေကို မုန်းတီးစိတ်မရှိဘူး
ကောင်းကောင်းမွန်မွန်နေတဲ့မင်းအတွက် အကုသိုလ်
မဖြစ်နိုင်ပါဘူးလို့ ရသေ့ကြီးကရှင်းပြတဲ့အခါကျတော့
သူက မကျေနပ်နိုင်သေးဘူး
တပည့်တော်အော်လိုက်လို့ သူတို့ က လာကြတာတဲ့
မဖြစ်နိုင်ပါဘူးလို့ ရသေ့ကြီးကရှင်းပြတဲ့အခါကျတော့
သူက မကျေနပ်နိုင်သေးဘူး
တပည့်တော်အော်လိုက်လို့ သူတို့ က လာကြတာတဲ့
တပည့်တော် တွန်လို့ အော်လို့ လာတဲ့ခါတွေဟာ အသတ်
ခံရတာဖြစ်တော့ တပည့်တော်နဲ့ ပါတ်သက်ပြီးသေ
ရတာ တပည့်တော် အကုသိုလ်ဖြစ်နေတယ်ထင်
ပါတယ်ဆိုတော့ ရသေ့ကြီးက ရှင်းပြတယ်
ခံရတာဖြစ်တော့ တပည့်တော်နဲ့ ပါတ်သက်ပြီးသေ
ရတာ တပည့်တော် အကုသိုလ်ဖြစ်နေတယ်ထင်
ပါတယ်ဆိုတော့ ရသေ့ကြီးက ရှင်းပြတယ်
မင်းကိုအကြောင်းပြု ပြီး အကုသိုလ်ဖြစ်တယ်ဆိုတာ
မဖြစ်နိုင်ပါဘူးတဲ့ မင်းဟာဘယ်သူ့ အပေါ်မှပြစ်မှား
လိုစိတ်မရှိပဲ အော်ရုံသာအော်တာ
ငါ အော်လိုက်ရင် ဒီကောင်တွေလာကြပါစေ အဖမ်း
ခံရပါစေဆိုတဲ့စိတ်မှ မရှိတာ
မဖြစ်နိုင်ပါဘူးတဲ့ မင်းဟာဘယ်သူ့ အပေါ်မှပြစ်မှား
လိုစိတ်မရှိပဲ အော်ရုံသာအော်တာ
ငါ အော်လိုက်ရင် ဒီကောင်တွေလာကြပါစေ အဖမ်း
ခံရပါစေဆိုတဲ့စိတ်မှ မရှိတာ
မရှိတဲ့အတွက် မင်းမှာအကုသိုလ်မဖြစ်ပါဘူး စိတ်ချ
လက်ချ နေပါ စိတ်မပါရင်အကုသိုလ်မဖြစ်ဘူး
အကုသိုလ်ဆိုတာ စိတ်ထဲကဖြစ်တဲ့အရာဖြစ်တယ်
လက်ချ နေပါ စိတ်မပါရင်အကုသိုလ်မဖြစ်ဘူး
အကုသိုလ်ဆိုတာ စိတ်ထဲကဖြစ်တဲ့အရာဖြစ်တယ်
စိတ်ထဲမှာ သန့် ရှင်းနေရင် အကုသိုလ်မဖြစ်ဘူး
စိတ်ပါရဲ့ သားနဲ့ မပါချင်ယောင်ဆောင်ရင်တော့ အကု
သိုလ် ဖြစ်မှာပေါ့ စိတ်ကိုက တကယ်စင်ကြယ်သန့် ရှင်း
နေရင် အကုသိုလ်မဖြစ်ဘူးလို့  ဒီလို ရသေ့ကြီးက
ရှင်းပြတဲ့ ဇတ်လမ်းမျိုးရှိတယ်
စိတ်ပါရဲ့ သားနဲ့ မပါချင်ယောင်ဆောင်ရင်တော့ အကု
သိုလ် ဖြစ်မှာပေါ့ စိတ်ကိုက တကယ်စင်ကြယ်သန့် ရှင်း
နေရင် အကုသိုလ်မဖြစ်ဘူးလို့  ဒီလို ရသေ့ကြီးက
ရှင်းပြတဲ့ ဇတ်လမ်းမျိုးရှိတယ်
ခု မြတ်စွာဘုရားက ရှင်းရှင်းလေးပြောတာ
ကိုယ့် လက်ဖဝါးမှာ အနာမရှိလို့ အဆိပ်ကိုင်ရင်လည်း
ဘာမှ မဖြစ်ပါဘူး ကိုယ့်စိတ်မပါရင် အကုသိုလ်မဖြစ်လို့ 
ငရဲ မကြီးပါဘူး ဒီလိုဆိုလိုတာနော်
ကိုယ့် လက်ဖဝါးမှာ အနာမရှိလို့ အဆိပ်ကိုင်ရင်လည်း
ဘာမှ မဖြစ်ပါဘူး ကိုယ့်စိတ်မပါရင် အကုသိုလ်မဖြစ်လို့ 
ငရဲ မကြီးပါဘူး ဒီလိုဆိုလိုတာနော်
အေး သတ္တဝါတွေရဲ့ အကျိုးအတွက် ဒီလိုအခြေအနေ
မျိုးကို အမှန်သိဖို့ ဆိုတာ မြတ်စွာဘုရားပွင့်မှ သိရတာ
စိတ်စင်ကြယ်သန့် ရှင်းအောင် ဘုန်းကြီးတို့ တတွေ
ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်
မျိုးကို အမှန်သိဖို့ ဆိုတာ မြတ်စွာဘုရားပွင့်မှ သိရတာ
စိတ်စင်ကြယ်သန့် ရှင်းအောင် ဘုန်းကြီးတို့ တတွေ
ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်
အကုသိုလ်ဖြစ်သလား မဖြစ်ဘူးလား ကိုယ့်စိတ်ကိုယ်
ကြည့်ပြီး ဆုံးဖြတ်ရမှာဖြစ်တယ် စိတ်ဓာတ်က
သန့် သန့် ရှင်းရှင်းနဲ့ မတော်တဆ ကိုယ့်ကြောင့်
ဖြစ်သွားစေကာမူ တမင်လုပ်တာမဟုတ်လို့ အကုသိုလ်
ကြည့်ပြီး ဆုံးဖြတ်ရမှာဖြစ်တယ် စိတ်ဓာတ်က
သန့် သန့် ရှင်းရှင်းနဲ့ မတော်တဆ ကိုယ့်ကြောင့်
ဖြစ်သွားစေကာမူ တမင်လုပ်တာမဟုတ်လို့ အကုသိုလ်
မဖြစ်ဘူးလို့ သတိထားစရာတခုက
မိမိကြောင့် သတ္တဝါလေးတကောင် ခြေကျိုးလက်ကျိုး
ဖြစ်သွားတဲ့အခါ ငါတော့ဝဋ်ပါတော့မှာပဲဆိုပြီး အသေ
သတ်လိုက်ရင်တော့အကုသိုလ်ပဲ
မိမိကြောင့် သတ္တဝါလေးတကောင် ခြေကျိုးလက်ကျိုး
ဖြစ်သွားတဲ့အခါ ငါတော့ဝဋ်ပါတော့မှာပဲဆိုပြီး အသေ
သတ်လိုက်ရင်တော့အကုသိုလ်ပဲ
အဲ့ဒါမျိုးမှားတတ်တယ် ဒီလိုမျိုးမှားတတ်တယ်
ခြေကျိုးလက်ကျိုးဝဋ်ဆိုးထက် အသေသတ်ခံရတဲ့
ဝဋ်ဆိုးက ပိုးမကြီး ပေ ဘူးလား
အသေသတ်လိုက်ရင် ပြီးသွားပြီ
ခြေကျိုးလက်ကျိုးဝဋ်ဆိုးထက် အသေသတ်ခံရတဲ့
ဝဋ်ဆိုးက ပိုးမကြီး ပေ ဘူးလား
အသေသတ်လိုက်ရင် ပြီးသွားပြီ
ငါ့ ဝဋ် မ လာတော့ဘူး ဒီလိုထင်တာကိုး
မှားတဲ့အယူအဆတခုပဲ
တခါတရံ သတ္တဝါ လူချွတ်မှ ကျွတ်တယ်ဆိုပြီးချွတ်နေ
ကြတာ ကိုယ့်လာချွတ်မှာကျတော့အင်မတန် ကြောက်တယ်
မှားတဲ့အယူအဆတခုပဲ
တခါတရံ သတ္တဝါ လူချွတ်မှ ကျွတ်တယ်ဆိုပြီးချွတ်နေ
ကြတာ ကိုယ့်လာချွတ်မှာကျတော့အင်မတန် ကြောက်တယ်
အဲ့ဒီလိုလည်းဖြစ်တတ်တယ်
သာမာဝတီမိဖရားအလောင်းဟာ ရှေးတုန်းက ဒီလို
အဖြစ်မျိုးကြုံရတယ် သူတို့ ရေချိုးပြီးတော့ ချမ်းချမ်း
တုန်နေလို့  မြက်ချုံ ကြီးတခုကို မီးရှိ့ ကြတယ်
သာမာဝတီမိဖရားအလောင်းဟာ ရှေးတုန်းက ဒီလို
အဖြစ်မျိုးကြုံရတယ် သူတို့ ရေချိုးပြီးတော့ ချမ်းချမ်း
တုန်နေလို့  မြက်ချုံ ကြီးတခုကို မီးရှိ့ ကြတယ်
မီးရှို့ ပြီးလှုံ ကြတဲ့အခါ မြက်ချုံ ကြီးတခုလုံးလောင်ပြီး
မြက်ချုံ ထဲက ပစ္စေကဗုဒ္ဓတပါး တွေ့ လိုက်ရတယ်
အတွင်းထဲမှာဝင်ပြီး သမာပါတ်ဝင်စားနေတာ
မြက်ချုံ ထဲက ပစ္စေကဗုဒ္ဓတပါး တွေ့ လိုက်ရတယ်
အတွင်းထဲမှာဝင်ပြီး သမာပါတ်ဝင်စားနေတာ
မီးလောင်ကုန်လို့ ပစ္စေကဗုဒ္ဓကို ထိုင်ရက်ကြီးဘွားခနဲ
တွေ့ လိုက်တဲ့အခါ
အဲ့ဒီ့လို ပထမလုပ်တုန်းက မီးလှုံဖို့ လုပ်တာ
မီးရှို့ ပေမယ့် အကုသိုလ်မဖြစ်သေးဘူး
တွေ့ လိုက်တဲ့အခါ
အဲ့ဒီ့လို ပထမလုပ်တုန်းက မီးလှုံဖို့ လုပ်တာ
မီးရှို့ ပေမယ့် အကုသိုလ်မဖြစ်သေးဘူး
နောက် ဒီ ပစ္စေကဗုဒ္ဓကနန်းတော်ကို အမြဲတန်းကြွနေတာ
ဘုရင်ကြီးသိရင်သတ်တော့မှာပဲ အစ ဖျောက်မှပဲ
ဆိုပြီး နောက်တခါ ထင်းတွေရှာ မီးရှို့ လိုက်တဲ့အခါ
မှာ အကုသိုလ်ဖြစ်သွားတယ်
ဘုရင်ကြီးသိရင်သတ်တော့မှာပဲ အစ ဖျောက်မှပဲ
ဆိုပြီး နောက်တခါ ထင်းတွေရှာ မီးရှို့ လိုက်တဲ့အခါ
မှာ အကုသိုလ်ဖြစ်သွားတယ်
သို့ သော် ပစ္စေကဗုဒ္ဓမှာ သမာပါတ်ဝင်စားနေတဲ့
ပုဂ္ဂိုလ်မှာ ဘာတခုမှအနှောက်အယှက်မဖြစ်ဘူး
ပစ္စေကဗုဒ္ဓကို မီးမှ မ လောင်တာ
အတွေးအခေါ်လေးတခုလွဲမှားသွားတာနဲ့ 
ပုဂ္ဂိုလ်မှာ ဘာတခုမှအနှောက်အယှက်မဖြစ်ဘူး
ပစ္စေကဗုဒ္ဓကို မီးမှ မ လောင်တာ
အတွေးအခေါ်လေးတခုလွဲမှားသွားတာနဲ့ 
အကုသိုလ်တွေဖြစ်ပြီးနောက် သာမာဝတီမိဖရားဘဝ
ရောက်တဲ့အခါတောင်မှပဲ နန်းတော်ထဲမှာ မီးရှို့ ခံရပြီး
သေဆုံးကြရတယ် ဒါတွေဟာ ဘဝမှာ မိမိမှားခဲ့တာတွေ
အတွက် ပြန်ပေးဆပ်ကြရတယ် အားလုံးပြန် ပြီး
ရောက်တဲ့အခါတောင်မှပဲ နန်းတော်ထဲမှာ မီးရှို့ ခံရပြီး
သေဆုံးကြရတယ် ဒါတွေဟာ ဘဝမှာ မိမိမှားခဲ့တာတွေ
အတွက် ပြန်ပေးဆပ်ကြရတယ် အားလုံးပြန် ပြီး
ပေးဆပ်ကြရတယ် သူများပေါ်မှာ ကိုယ် လုပ်ခဲ့တဲ့
လုပ်ရပ် အတိုင်း ကံကြမ္မာရဲ့ တုံ့ ပြန်မူ့ သဘောတရား
အတိုင်း အင်မတန်မှ ထင်ရှားတယ်
လုပ်ရပ် အတိုင်း ကံကြမ္မာရဲ့ တုံ့ ပြန်မူ့ သဘောတရား
အတိုင်း အင်မတန်မှ ထင်ရှားတယ်
ဒါ့ကြောင့် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးက
စိတ် စင်ကြယ်သန့် ရှင်းနေတယ်ဆိုရင် အကုသိုလ်
ဆိုတာ မဖြစ်ပါဘူး မသန့် ရှင်း မစင်ကြယ်ရင်တော့
စိတ် စင်ကြယ်သန့် ရှင်းနေတယ်ဆိုရင် အကုသိုလ်
ဆိုတာ မဖြစ်ပါဘူး မသန့် ရှင်း မစင်ကြယ်ရင်တော့
အကုသိုလ်ဖြစ်တယ်လို့ အပြန်အားဖြင့် ဒီလိုမှတ်ရမယ်
လို့  လောကလူသားတွေအတွက် တည့်မတ်မှန်ကန်တဲ့
အဆုံးအမတွေ ပေးခဲ့တာဖြစ်တယ်
လို့  လောကလူသားတွေအတွက် တည့်မတ်မှန်ကန်တဲ့
အဆုံးအမတွေ ပေးခဲ့တာဖြစ်တယ်
ဘုရားမပွင့်ခင်က တိတိကျကျပြောနိုင်တာ မဟုတ်ဘူး
အသက်သတ်သူနဲ့ စားတဲ့သူ တဝက်စီခံရမယ်ပြောလို
ပြော ကိုယ်နဲ့ ပါတ်သက်တာမှန်သမျှ အကုသိုလ်ဖြစ်တယ်
ဟောလိုဟော
အသက်သတ်သူနဲ့ စားတဲ့သူ တဝက်စီခံရမယ်ပြောလို
ပြော ကိုယ်နဲ့ ပါတ်သက်တာမှန်သမျှ အကုသိုလ်ဖြစ်တယ်
ဟောလိုဟော
အဲ့ဒီ့လို မှားမှားယွင်းယွင်းတွေ ဖြစ်နေကြတာ
မြတ်စွာဘုရားပွင့်လာမှ တိတိကျကျ ရှင်းရှင်းကြီးသိရတာ
မြတ်စွာဘုရားပွင့်လာမှ တိတိကျကျ ရှင်းရှင်းကြီးသိရတာ
စိတ် စင်ကြယ်သန့် ရှင်းနေရင် အကုသိုလ်မဖြစ်
ပါဘူးလို့ ကိုယ်စီကိုယ်စီသဘောကျပြီး
စိတ် စင်ကြယ်သန့် ရှင်းအောင် ကြိုးစားအားထုတ်
နိုင်ကြပါစေကုန်သတည်း
ပါဘူးလို့ ကိုယ်စီကိုယ်စီသဘောကျပြီး
စိတ် စင်ကြယ်သန့် ရှင်းအောင် ကြိုးစားအားထုတ်
နိုင်ကြပါစေကုန်သတည်း
~~~~~~~~~~~~~~~~~~~~
( ပါမောက္ခချုပ်ဆရာတော်ဘုရား၏ လောကသားတို့ 
အတွက် မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်အပိုင်း၂၉ တရားတော်မှ
ထုတ်နှုတ်ပူဇော်ပါသည် )
အတွက် မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်အပိုင်း၂၉ တရားတော်မှ
ထုတ်နှုတ်ပူဇော်ပါသည် )
Comments
Post a Comment