သဲအင်းဂူ ဆရာတော်ဘုရားကြီး၏ ဩ၀ါဒများ


၁။ ဒါန သီလ သမထ က အပါယ် ဆွဲချတာ မဟုတ်ဘူး။ ငါဆိုတဲ့ ဒိဋ္ဌိ က ဆွဲချတာ။

၂။ ငါပြုတ်အောင် လုပ်ကြ။

၃။ ငါ.ဆိုတဲ့ ဒိဋ္ဌိကြီး မပြုတ်လို့ကတော့ မိုး.ကျော
ခိုင်းပြီး အပါယ်ဆင်းရမှာဗျား။

၎။ အလကားလူ မယားလူ ဘုရားလူ.ဘယ်သူ့
လူလဲ .ကိုယ်စိတ်ကိုစစ်ကြ။

၅။ ဘယ်ကလာပြီး ဘယ်ကိုသွားမလဲ သိချင်ရင်
တော့ အလုပ် လုပ်မှရမှာဗျား ။

၆။ လာလမ်း မပြန်ချင်ကြနဲ့၊ နောက်ပိတ်ဆုံး
သာသနာမှာ ကျင့်ရင် ရနှိုင်ကြတာချည်းပါပဲ။

၇။ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ
ဆိုတာ စိတ်ကလေးပါပဲ။

၈။ အပါယ်၎ပါး နတ်ပြည် ဗြဟ္မာပြည် နိဗ္ဗာန်
သွားတာလဲ စိတ်ပဲ။

၉။ စိတ်ကို သိချင်ရင် အလုပ်လုပ်ကြ။

၁၀။ သောတာပန် သကဒါဂါမ် ခဏထားဦး
အသေတတ်ဖို့ အရင်ကျင့်ကြံကြပါ ဒကာဒကာမတို.။



၁၁။ ပျင်းတာရယ်၊ မအားတာရယ်၊ အိပ်ချင်တာရယ်ကို ပယ်ပြီး၊ တရားကျင့် ကြ၊ လူဘဝရတုန်း၊ သာသနာနဲ. ကြုံတုန်း ကြိုက်လိုက်ကြ၊ မဟုတ်ရင် ကိုယ်ကျိုးနည်းလိမ့်မယ်။

Comments