မပေါ့ဆကြနဲ့တော့ကြိုးစားကြပါဒကာဒကာမတို.



ဒကာကြီး ဒကာမကြီးတွေ သေခါနီးကာလ
အချိန်ကို လေးလေးနက်နက်စဉ်းစားကြပါနော်..

သေခါနီးကာလဆိုတာ လွယ်လွယ်လေးနဲ့
သေတာမျိုးဟုတ်သလား..မဟုတ်ဘူး..

ဆင်းရဲတဲ့ ဒုက္ခဝေဒနာက သေလောက်အောင်
ဖိစီးနှိပ်စက်နေပြီ..
ဒီလိုဖိစီးနှိပ်စက်တဲ့ အချိန်အခါမှာလည်း
ဒုက္ခဝေဒနာရဲ့ ဖိစီးနှိပ်စက်တဲ့ဒဏ်ချက်ကို
ကြိုတင်လေ့ကျင့်မှု မထားခဲ့ဘူးဆိုရင်

တရားဘာဝနာကို အဲ့ဒီအချိန်မှ စနစ်တကျ
လုပ်တော့ မယ်ဆို လွယ်ကူပါတော့မလား..
မလွယ်ကူနိုင်တော့ဘူး..

တစ်ချို့က"သေခါနီးအချိန်ကာလမှ
ငါ့စိတ်ကလေးကို ငါထိန်းမယ်"တဲ့..
ဒီလိုလာပြီး ဆင်ခြေပေးတယ်..

"သေခါနီးကာလမှ ကိုယ့်စိတ်ကို
ထိန်းနိုင်ရင် ပြီးတာပဲ"တဲ့..

ဒီလိုဆို ဘုန်းကြီးက မေးခွန်းတစ်ခုမေးလိုက်
ပါတယ်..
"ကဲ..ကဲ..လက်တွေ့သွားပြီးတော့ ၁နာရီလောက် တရားထိုင်ကြည့်စမ်းပါ"..
"ထိုင်ပြီး ဝင်လေထွက်လေအာရုံမှာပဲ
၁နာရီလောက် စိတ်ကိုငြိမ်အောင် ရှူ ကြည့်စမ်းပါ"..
"ရှူ လို့ ရသလား"..လို့မေးကြည့်တယ်..ရှူ လို့မရဘူး..

အခုချိန်က သေခါနီးကာလလို ဆင်းရဲဒုက္ခ
ရောက်နေတဲ့ အချိန်ခါမဟုတ်ဘူး..

တရားထိုင်နိုင်တဲ့ အချိန်ပဲ..
အဲ့ဒီလို အချိန်ခါမျိုးမှာတောင်မှ လေ့ကျင့်ခန်းမရှိတဲ့
ပုဂ္ဂိုလ်တွေကအာနာပါနကဲ့သို့သော ဘာဝနာအပေါ်
မှာ မိမိစိတ်ကို တည်နေအောင် ချမထားနိုင်ဘူးဆိုရင်

သေခါနီးကာလ..
ဆင်းရဲဒုက္ခတွေကလည်း ဝိုင်းနေပြီ..
အနားမှာ လွမ်းမယ့်သူတွေကလည်း ဝိုင်းနေပြီ..
ဟုတ်တယ် မဟုတ်လား..

မနေ့ကပဲ ကလေးမတစ်ယောက်ကို ယိုးဒယားက
သူပြန်သွားလို့ မေးကြည့်တယ်..
"လူနာ ဘယ်လိုနေလဲ"လို့
သူက "လူနာက မေ့မျောနေတော့ အကုန်လုံး
ဝိုင်းကန်တော့နေကြပြီ"တဲ့..

အဲ့ဒါကြည့် သေခါနီးပြီဆိုတော့ အကုန်လုံး
ဝိုင်းကန်တော့ကြပြီ..
ဟိုလူက ရှိခိုး ဒီလူက ရှိခိုးဖြစ်ပြီ..
အဲ့ဒီအခါမှာ လူနာက မျောမနေပဲနဲ့
နည်းနည်းလေးများသတိရရင်
"ငါ့ကိုရှိခိုးနေကြပြီ"ဆိုရင် ဘယ့်နှယ့်နေမလဲ..
စဉ်းစားနော်..ဒါလက်တွေ့ဖြစ်နေတာ..

ဒီတော့ မိမိတို့ရဲ့သံသရာခရီးကို တတ်သ
ိနားလည်မယ်ဆိုရင်ပေါ့ပေါ့ဆဆ မနေကြပါနဲ့..
စနစ်တကျ အားကိုးထိုက်တဲ့တရားတွေကို
မသေမီမှာ ကြိုးစားထားဖို့လိုပါတယ်..

ကျိန်းသေတဲ့ကုသိုလ်ကံကို ကြိုးစားကြစမ်းပါ..
မကျိန်းသေတဲ့ ကံတွေကိုတော့ မကြိုးစားကြစမ်းပါနဲ့..
ဘဝတစ်ခုက မတော်လို့ဆုံးသွားခဲ့ရင်
သာသနာတော်နဲ့တွေ့ရတာ အကျိုးမရှိဖြစ်သွားနိုင်တဲ့
အတွက်ကြောင့် ဖြစ်ပါတယ်..

ဒီတော့ သေခါနီးကာလ မရဏာသန္နဇော
အချိန်အခါရောက်ပြီး
စိတ်တွေက မိမိစိတ်ကိုမိမိ ထိန်းနိုင်တဲ့စွမ်းအား
ကလည်း မရှိပြန်ဘူး..
မိမိထူထောင်ခဲ့တဲ့ကုသိုလ်ကံတွေကလည်း
ကျိန်းသေတဲ့ကံမျိုးမဟုတ်ဘူးဆိုရင်
ရင်လေးဖွယ်အချက်တွေ များစွာရှိနိုင်ပါတယ်..

ဘာဝနာတစ်ခုခုက ကုသိုလ်အရာမှာလည်း
ကျိန်းသေတဲ့ကံဆိုတာရှိပါတယ်*..
ဒါကို ခုကတည်းက ကြိုးစားကြပါ...

#ဖားအောက်တောရဆရာတော်ဘုရားကြီး

***ဓမ္မမိတ်ဆွေများ အသိဉာဏ် ဗဟုသုတ
နှင့်ကုသိုလ်တရားများ စဉ်ဆက်မပြတ်ပွားများ
နိုင်ကြပြီးမင်္ဂလာရှိသောနေ့တနေ့ဖြစ်ပါစေ***
#Credit_to_Original_Author

Comments