(အချိန်မဆွဲကျပါနဲ့ကျန်းမာရေးကောင်းချိန်။ တရားအားထုတ်ဖို့ အချိန်ရှိနေတုန်းမှာ ကြိုးစား အားထုတ်ကြပါ)
♒
♒
♒
♒
♒
♒
♒
♒
♒
♒
♒
♒
♒
♒
ကိုထွန်းသန်း( Maryland, U.S.A) - အသက် ၄၉ နှစ်
သဲအင်း ယောဂီအမှတ် 187
ကိုထွန်းသန်း( Maryland, U.S.A) - အသက် ၄၉ နှစ်
သဲအင်း ယောဂီအမှတ် 187
ယောဂီသစ် တရားစခန်းဝင်ကာလ - March 2, 2018 မှ March 13, 2018
ဘဝတပါးကူးပြောင်းသည့်နေ့ March 30, 2018
သဲအင်းဂူ ယောဂီဟောင်း ကိုထွန်းသန်း (Maryland, U.S.A) သည် မင်္ဂလာဒုံ၊ ကုန်းတလပေါင် တိုက်ခွဲ ၃၂ သဲအင်းဂူ ဝိပဿနာ ဓမ္မ ရိပ်သာတွင် အောင်လံ ဆရာတော်ဘုရားကြီး အရှင် စန္ဒိမာ ကြီးကြပ်သော ယောဂီသစ် ၁၀ ရက် အဓိဋ္ဌာန် တရားစခန်းပွဲ ( March 2 - 13, 2018) တွင် သဒ္ဓါတရားထက်တန်စွာ ဖြင့် အသည်းကင်ဆာရောဂါ ခံစားနေစဉ်မှာပင် မဟာပလ္လင်ကျင့်စဉ် ၅နာရီ အောင်မြင်သည် အထိ လာရောက် အားထုတ်ခဲ့ပါသည်။
ယောဂီ ကိုထွန်းသန်းသည်၊ December 18, 2017 တွင် ညာဘက်တခြမ်းအောင့်၍ ဆရာဝန်နှင့် ပြသရာမှ ဆေးစစ်ချက်အရ liver cancer stage 4 အဖြစ် ပထမဆုံးအကြိမ် တုန်လှုပ်စွာ သိရှိ ခဲ့ရသည်။ သို့ပါသော်လည်း Chemotherapy ကို လက်မခံခဲ့ဘဲ ထိုအချိန်မှစ၍ အစား အသောက် အထူးဆင်ခြင်ပြီး Alternative medicine အဖြစ် ဓာတ်စာများကိုသာ သောက်သုံးကာ မိမိ ကျန်ရှိနေသည့် လက်ကျန်ကာလကို အကျိုးရှိစွာ အသုံးပြုချင်နေခဲ့သည်။
January 12, 2018 တွင် ကိုထွန်းသန်း နှင့် interview ခဲ့စဉ်က သူ့ရင်တွင်းမှ ခံစားချက်ကို အောက်ပါအတိုင်းပြောကြားခဲ့သည်။ "သေခြင်းကို တရားသဘောနဲ့ သိက္ခာရှိရှိ ရင်ဆိုင်ချင်တယ်။ ဒီလိုအခြေအနေရောက်လို့ ဆရာဝန်က ပြောတဲ့ အချိန်မှာ သူရဲဘောကြောင်ပြီး အိပ်ယာထဲလှဲနေတဲ့ အချိန်မျိုးတွေနဲ့ မနေချင်ဘူး။ ဒီကိစ္စမှာ အနိစ္စ ဒုက္ခ အနတ္တ သဘောတွေ နားလည်ဖို့ ဆရာလိုတယ်လို့ ကျွန်တော်ယူဆမိတယ်။ "
ထိုအချိန်မှစတင်၍ တိုက်ခွဲ ၃၂ သဲအင်းဂူယောဂီ တစ်ဦး ၏ လမ်းညွှန်မှု နှင့် မိမိခံစားလာရမည့် ဝေဒနာ နှင့် သေခြင်းဆင်းရဲမှ လွတ်မြောက်ရန်အတွက် အာမခံနှင့် တရားပြသပေးနေသည့် အောင်လံဆရာတော်ဘုရားကြီး ထံတွင် တရားအားထုတ်လိုသည့် စိတ်များဖြစ်ပေါ်ခဲ့ပြီး မတ်လ လူသစ် တရားစခန်းပွဲသို့ ဝင်ရောက်ခဲ့သည်။
အောင်လံဆရာတော်ဘုရားကြီး နှင့် တရားပြ တရားထောက်များ၊ ဆရာဝန်ကြီးများ၊ ဝေယျာဝစ္စအကျိုးဆောင်များကလည်း သဒ္ဓါတရားအပြည့် နှင့် တရားအားထုတ် သည့် ယောဂီ ကိုထွန်းသန်းအား ကြပ်ကြပ်မတ်မတ် စောင့်ရှောက်ခဲ့ပါသည်။
တရားစခန်းပွဲ အပြီး March 16 တွင်အမေရိကန်သို့ ပြန်ရောက်ခဲ့ပြီးနောက် အောင်လံ သင်္ကြန်တရားစခန်း ၌လည်း တရားအားထုတ်လိုသည့် ဆန္ဒရှိခဲ့ပါသေးသည်။ နှစ်ပတ်ကျော် အကြာ March 30 ရက်နေ့တွင် ထိုယောဂီသည် (အောင်လံဆရာတော် ဘုရား ကြီး ၏ သြဝါဒ စကားများထဲမှအတိုင်း) လောက ဇာတ်ခုံမှာ သားခန်း ယောက်ျားခန်း အဖေခန်းတို့ကို သရုပ်ဆောင်ခဲ့ပြီး US မှ မြန်မာနိုင်ငံသို့ သွားမည့် လေယာဉ်ပေါ်မှာပင် ဇနီးသည်ဘေး၌ သူမအား မသိစေခဲ့ဘဲ ဝဋ္ဋ်ကြွေးများကိုဆပ်ကာ ငြိမ်းချမ်းစွာဖြင့် ဘဝတပါးသို့ကူးပြောင်းသွားခဲ့သည်။
အောင်လံဆရာတော်ဘုရားကြီး ၏ တရားထူးတရားမြတ်များကို အားထုတ်ခဲ့သည့် အကျိုးများကြောင့် အသေတတ်၍ မြင့်မြတ်သော ဘုံဘဝ တခုကိုပြောင်းသွားပါလိမ့် မည်ဟုလည်း အကြွင်းမဲ့ ယုံကြည်မိပါသည်။ ဘဝ တပါးပြောင်းသွားချိန်တွင် အမျိုးသမီး ဖြစ်သူနှင့် ၃ နှစ် အရွယ် သမီးငယ် တစ်ယောက် ကျန်ရစ်ခဲ့သည်။
ထိုသဲအင်းဂူ ယောဂီသည် ၎င်း၏ မိတ်ဆွေ ဖြစ်သူ သဲအင်းဂူယောဂီဟောင်း တဦး ထံမှ ( တိုက်ခွဲ အမှတ် ၃၂ သဲအင်းဂူ တရားစခန်းပွဲ ) တရားအတွေ့အကြုံများကို ကြားရပြီးသည့်နောက် သဒ္ဓါတရားထက်သန်စွာဖြင့် မတ်လ ယောဂီသစ် စခန်းကို ဝင်ရောက်ဖို့ ဆန္ဒပြင်းပြခဲ့ပြီး နေမကောင်းသည့်ကြားမှ အမေရိကန် နိုင်ငံမှ မြန်မာနိုင်ငံသို့ အချိန်မဆွဲဘဲ တယောက်တည်း လာရောက်အားထုတ်ခဲ့ခြင်းဖြစ်သည်။
စာရေးသူ၏ ရေးသားသော post ကို ဖတ်ရသော ယောဂီ သူတော်ကောင်းများ အနေဖြင့် အောင်လံ ဆရာတော် ဘုရားကြီးဟောကြားခဲ့သည့် မပိုင်တဲ့ဘဝ မခိုင်တဲ့ တခဏ ကိုယ်ဖြစ်ချင် သလို မဖြစ်နိုင်တဲ့ သံသရာခရီးသည်တွေ ပါလားလို့ နောက်ထပ် ဘဝ ဇာတ်လမ်းထဲ မဝင်မိအောင် ဤယောဂီကို စံနမူနာယူလျက် ရက် လ နှစ် တို့ကို အချိန်မဆွဲဘဲ မိမိကို အသေတတ်၍ အနေမြတ်အောင် သင်ကြားပေးနိုင်သော ဆရာကောင်းများထံတွင် တရားထူးတရားမြတ်များရသည်အထိ ကြိုးစားအားထုတ်ကြပါရန် နှိုးဆော် အသိပေးလိုက်ပါသည်။
စားကြွင်း
ယောဂီကိုထွန်းသန်းသည် ကွယ်လွန်ချိန်တွင် ပြုံးနေကြောင်း ကျန်ရစ်သူ ဇနီးသည်က မျက်မြင် တွေ့လိုက်ရသည်ဟု ကြားသိရပါသည်။
ကျန်ရစ်သူ မိသားစုဝင်များ ခွင့်ပြုချက်ဖြင့် ကွယ်လွန်သူ၏ ဓာတ်ပုံ အား ဖော်ပြအပ်ပါသည်။ သို့ပါသော်လည်း ကျန်ရစ်သူ မိသားစု ဝင်များကို ငဲ့ညှာသောအားဖြင့် ဓမ္မရုပ်ခန္ဓာပုံအား ချန်လှပ်ခဲ့ ပါသည်။
https://www.facebook.com/ShortDhammaNotes/posts/192131428061787
🌟
#credit Thu Thu from Theinn32 group.
#မူရင်း Post ပိုင်ရှင်ဖြစ်သော Fb acc : Thu Thu ထံ မှတဆင့် ပြန်လည်ကူးယူဖော်ပြပါသည်။
🌟
#credit Thu Thu from Theinn32 group.
#မူရင်း Post ပိုင်ရှင်ဖြစ်သော Fb acc : Thu Thu ထံ မှတဆင့် ပြန်လည်ကူးယူဖော်ပြပါသည်။



Comments
Post a Comment