ဘဝတစ်လျှောက်လုံး ..
သားတွေသမီးတွေ မြေးမြစ်တွေကို သနားပြီး
သူတို့အတွက်ပဲ အားထုတ်လုပ်ကိုင်ခဲ့တယ်။
သူတို့အတွက်ပဲ အားထုတ်လုပ်ကိုင်ခဲ့တယ်။
သားကနေ... မြေး
မြေးကနေ... မြစ်
မြစ်ထဲရောက်တော့ နစ်နေပြီ။
မြေးကနေ... မြစ်
မြစ်ထဲရောက်တော့ နစ်နေပြီ။
နေခဲ့ရတယ် မရှိလိုက်ပါဘူး။
လင်စိတ် မယားစိတ်ကနေ
သားစိတ် သမီးစိတ်။
သူ့စိတ်နဲ့ ကိုယ့်ကိုယ်ဆိုတော့
ဒီကိုယ်ကြီး ဘယ်လောက်ဆင်းရဲမလဲ။
ဆင်းရဲလို့ ဆင်းရဲမှန်း မသိကြပါဘူး ...။
သားသမီးတွေ မြေးတွေမို့ သူတို့ပျော်ရင်
ကိုယ်လည်းလိုက်ပျော်လို့ ...။
ပျော်တာကိုပဲ ဘဝချမ်းသာလို့
ထင်နေကြတုန်းဗျာ။
ကိုယ်လည်းလိုက်ပျော်လို့ ...။
ပျော်တာကိုပဲ ဘဝချမ်းသာလို့
ထင်နေကြတုန်းဗျာ။
အာရုံခံစားမှုတွေမှာ မေ့မြောသာယာနေတာ။
မေ့မေ့ကြီးနဲ့ ခံစားနေတာ ..
အာရုံခံစားတော့လည်း သူ့ဘက်လိုက်ပြီး
သူ့စိတ်နဲ့ ခံစားခဲ့တာ ...။
ကြက်ကြိုက်စိတ်နဲ့ စားခဲ့တယ်။
စိတ်က ကိုယ့်ဆီမှာ ရှိခဲ့ရဲ့လား ?
ကြက်သားစားတာတောင် ကြက်ဆီစိတ်ရောက်ပြီး
ကြက်စွဲ စွဲနေပြီဆိုရင် ..
သားသမီးကိစ္စ မြေးကိစ္စတွေမှာတော့
ဆိုဖွယ်ရာ မရှိတော့ပါဘူး။
မယားပူမိခဲ့ပြီးပြီ။
ခု သားစိတ်နဲ့နေတော့ သားပူမိမှာပဲ
မြေးစိတ်နဲ့နေတော့ မြေးပူမိမှာပဲ။
ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်
တွဲခနဲ ကပ်ခနဲ နေနိုင်မှ အေးမယ်။
သားအာရုံ မြေးအာရုံနဲ့ တစ်ခြားအာရုံတွေမှာ
သတိကလေးအစောင့်ချပြီး နေနိုင်မှ
အေးမယ် ...။
သတိကလေးအစောင့်ချပြီး နေနိုင်မှ
အေးမယ် ...။
ဖြစ်ပေါ်လာမယ်။ အဲဒီ အသိကသာ ..
အကောင်းလား အဆိုးလား
အကျိုးလား အပြစ်လား ခွဲခြားပေးလိမ့်မယ်။
အကောင်းလား အဆိုးလား
ခွဲခြားမသိတော့ပဲ
မသိစိတ်နဲ့ပဲ စွဲလမ်းခံစားနေလိမ့်မယ်။
စွဲစိတ်တွေအားကြီးတော့ သူခိုင်းရာ
လိုက်လုပ်ရတဲ့ ကျွန်ဘဝ ပမာပေါ့ ...။
လိုက်လုပ်ရတဲ့ ကျွန်ဘဝ ပမာပေါ့ ...။
ကဲဗျာ ....
အဘိုးတို့ အဘွားတို့ အဖေတို့ အမေတို့
ဘယ်တော့ သခင်ဖြစ်မလဲဗျ။
အဘိုးတို့ အဘွားတို့ အဖေတို့ အမေတို့
ဘယ်တော့ သခင်ဖြစ်မလဲဗျ။
သူတို့အတွက် ပေးခဲ့ပြီးပြီ။
တစ်ချိန်လုံး သူတို့စိတ်နဲ့ နေခဲ့တာ
သူတို့ကိုပဲ သနားခဲ့ရတာ ...။
ကိုယ်တို့သာ သူတို့စိတ်နဲ့ နေတာနော်
သူတို့က ကိုယ့်စိတ်နဲ့ နေမယ်ထင်သလား ?
"ဟာ ဒီအဘွားကြီး ရှုပ်လိုက်တာ" ..
"ဒီအမေကြီး ကိုယ့်နေရာ ကိုယ်မနေဘူး” လို့
ဘယ်နှစ်ခါ အငေါက်ခံရပြီးပြီတုန်း ?
"ဒီအမေကြီး ကိုယ့်နေရာ ကိုယ်မနေဘူး” လို့
ဘယ်နှစ်ခါ အငေါက်ခံရပြီးပြီတုန်း ?
ပြောချင်တာက ..
ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်ကြပါဦး။
သားတွေ မြေးတွေစိတ်နဲ့နေရင်း
ပျောက်ဆုံးမှန်းမသိ ပျောက်ဆုံးနေတဲ့
ကိုယ့်ကိုယ်ကို ပြန်တွေ့အောင် ရှာကြ ရှုကြပြီး
ကိုယ့်ကိုယ်ကို သနားကြပါတော့လို့ ..
ပြောချင်ပါတယ်။
ပျောက်ဆုံးမှန်းမသိ ပျောက်ဆုံးနေတဲ့
ကိုယ့်ကိုယ်ကို ပြန်တွေ့အောင် ရှာကြ ရှုကြပြီး
ကိုယ့်ကိုယ်ကို သနားကြပါတော့လို့ ..
ပြောချင်ပါတယ်။
ရတောင့်ရခဲ လူ့ဘဝကနေ
အောက်ပြည်အောက်ဘုံ
တိရစ္ဆာန်ဘဝတွေဆီ ပြန်ကြမလား ?
နတ်ချမ်းသာ ဗြဟ္မာချမ်းသာဆိုတဲ့
အထက်ဘုံတွေဆီ ...
ဒါနအား သီလအား သမာဓိအားနဲ့
သွားကြမလား ?
နိဗ္ဗာန်ရွှေပြည်ကို ..
ဝိပဿနာဆိုတဲ့ သတိမပြတ်တဲ့
ရှုမှတ်မှုနဲ့ သွားကြမလား ?
ဆိုရင်လည်း ..
မြေးထိန်းတဲ့အခါ
မြေးနဲ့ စိတ်ကလေးကြားမှာ
သတိကလေး အစောင့်ချထားပါ။
မြေးထိန်းပြီး မြေးစိတ်နဲ့ မနေပါနဲ့ ...။
ထမင်းချက်လည်း ချက်တယ်လို့ သိနေပါစေ။
သိနေပါစေ။
ဒီလို တစ်သိတည်းသိနေရင်
ကိလေသာ ဝင်ပြီးမွှေတာ မခံရတော့ဘူး။
မကြိုက်ဒေါသ ကြိုက်လောဘ
မသိမောဟဆိုတဲ့ ..
အစွဲအငြိ အဖုံးအကွယ်တွေက လွတ်ပြီဆိုရင်
မိအိုဖအိုတို့ ကိုယ့်လမ်းကိုယ် ရွေးတတ်ပါပြီ။
မသိမောဟဆိုတဲ့ ..
အစွဲအငြိ အဖုံးအကွယ်တွေက လွတ်ပြီဆိုရင်
မိအိုဖအိုတို့ ကိုယ့်လမ်းကိုယ် ရွေးတတ်ပါပြီ။
ကိုယ့်အလုပ် ကိုယ်လုပ်ပြီးသား ဖြစ်နေပါပြီ။
အထူးပြောစရာ မရှိတော့ပါဘူး ....။

Comments
Post a Comment